Decentralized Autonomous Organization — DAO ဆိုတာ ဗဟိုချုပ်ကိုင်မှု မရှိဘဲ အဖွဲ့ဝင်တွေအားလုံးရဲ့ သဘောတူညီချက်နဲ့ လည်ပတ်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ရိုးရိုးကုမ္ပဏီတွေလို CEO တွေ၊ ဒါရိုက်တာတွေ မရှိဘဲ smart contract တွေနဲ့ အလိုအလျောက် လည်ပတ်နေတဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။ DAO မှာ ဆုံးဖြတ်ချက်တိုင်းဟာ အဖွဲ့ဝင်တွေရဲ့ မဲပေးမှုကနေ ထွက်ပေါ်လာတဲ့ သဘောတူညီချက်အပေါ် အခြေခံပါတယ်။
DAO တွေရဲ့ အဓိက အားသာချက်တွေကတော့ ပွင့်လင်းမြင်သာမှု၊ လုံခြုံမှု၊ နဲ့ တရားမျှတမှုတို့ပဲ ဖြစ်ပါတယ်။ ဥပမာ DAO တစ်ခုမှာ ရန်ပုံငွေ သုံးစွဲမှုတိုင်းဟာ blockchain ပေါ်မှာ မှတ်တမ်းတင်ထားလို့ အဖွဲ့ဝင်တိုင်းက စစ်ဆေးနိုင်ပါတယ်။ ဒါ့အပြင် smart contract တွေဟာ ကြိုတင်သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်းပဲ အလုပ်လုပ်လို့ လူတစ်ဦးတစ်ယောက်က လွှမ်းမိုးချုပ်ကိုင်နိုင်ခြင်း မရှိပါဘူး။
DAO တွေကို နည်းပညာ startup တွေ၊ ရန်ပုံငွေ စီမံခန့်ခွဲမှုတွေ၊ နဲ့ ကုသိုလ်ဖြစ် လှူဒါန်းမှုတွေမှာ အသုံးပြုနေကြပါတယ်။ ဥပမာ။ MakerDAO ဆိုတဲ့ DeFi platform က သူ့ရဲ့ stablecoin DAI ကို DAO စနစ်နဲ့ စီမံခန့်ခွဲပါတယ်။ The DAO ဆိုတဲ့ ပထမဆုံး DAO ကတော့ ၂၀၁၆ ခုနှစ်မှာ hack ခံရပြီး ပျက်စီးသွားခဲ့ပေမယ့် နောက်ပိုင်းမှာ DAO တွေဟာ ပိုမို ခိုင်မာအားကောင်းလာခဲ့ပါတယ်။
DAO တွေရဲ့ အသက်သည်းညှာလို့ ပြောလို့ရတဲ့ smart contract တွေဟာ blockchain ပေါ်မှာ အလိုအလျောက် အကောင်အထည်ဖော်ပေးတဲ့ code တွေ ဖြစ်ပါတယ်။ Smart contract တွေဟာ DAO တွေအတွက် စည်းမျဉ်းစည်းကမ်းတွေ၊ ဆုံးဖြတ်ချက်ချမှတ်ခြင်းတွေ နဲ့ လုပ်ငန်းဆောင်တာတွေကို အလိုအလျောက် စီမံဆောင်ရွက်ပေးပါတယ်။
Smart contract တွေဟာ Ethereum blockchain လို platform တွေပေါ်မှာ Solidity programming language နဲ့ ရေးသားထားတဲ့ program တွေ ဖြစ်ပါတယ်။ သူတို့ဟာ if-then statement တွေလိုမျိုး logic တွေကို အသုံးပြုပြီး DAO တွေရဲ့ လုပ်ငန်းစဉ်တွေကို ထိန်းချုပ်ပါတယ်။ ဥပမာအားဖြင့် အဖွဲ့ဝင်တွေရဲ့ ရန်ပုံငွေ ထည့်ဝင်မှု၊ မဲပေးမှု၊ ငွေထုတ်ယူမှု စတဲ့ လုပ်ငန်းဆောင်တာတွေကို smart contract တွေက အလိုအလျောက် စီမံဆောင်ရွက်ပေးပါတယ်။
DAO တွေမှာ smart contract တွေရဲ့ အရေးပါပုံကို ဥပမာပြရရင် — အဖွဲ့ဝင်တွေက project တစ်ခုအတွက် ရန်ပုံငွေ ထုတ်ပေးဖို့ မဲပေးတယ် ဆိုပါစို့။ Smart contract က အဖွဲ့ဝင်တွေရဲ့ token ပိုင်ဆိုင်မှုပေါ် မူတည်ပြီး မဲပေးခွင့် ပေးပါတယ်။ မဲပေးမှုက သတ်မှတ်ထားတဲ့ ရာခိုင်နှုန်း (ဥပမာ ၆၀%) ကျော်လွန်ရင် smart contract က ရန်ပုံငွေကို အလိုအလျောက် ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။
Smart Contract နမူနာပုံစံကို အောက်ပါအတိုင်း လေ့လာကြည့်ကြနိုင်ပါတယ်။
၁။ VARIABLES များသတ်မှတ်ခြင်း
DAO အဖွဲ့ဝင်များကို မှတ်တမ်းတင်ရန် စာရင်းတစ်ခု
proposal များကို သိမ်းဆည်းရန် စာရင်းတစ်ခု
proposal တစ်ခုကို အတည်ပြုရန် လိုအပ်သော မဲအရေအတွက် အတွက်စည်းမျဉ်းများ
၂။ အဖွဲ့ဝင်အသစ်များ လက်ခံခြင်း
DAO ကို တည်ထောင်သူကသာ အဖွဲ့ဝင်များကို ထည့်သွင်း သို့မဟုတ် ဖယ်ရှားနိုင်သည်
အဖွဲ့ဝင်များကို “member list” တွင် သိမ်းဆည်းထားသည်
၃။ PROPOSAL အသစ်တစ်ခု ဖန်တီးခြင်း
မည်သည့်အဖွဲ့ဝင်မဆို proposal တင်သွင်းနိုင်သည်
Proposal တစ်ခုတွင် ပါဝင်သည်များမှာ
– အကြံဉာဏ်၏ အတိုချုပ်ဖော်ပြချက်
– မဲပေးထားသူ အရေအတွက်ကို ခြေရာခံရန် counter တစ်ခု
– အကြံဉာဏ်ကို အကောင်အထည်ဖော်ပြီးပြီလား စစ်ဆေးရန် flag တစ်ခု
၄။ PROPOSAL တစ်ခုအပေါ် မဲပေးခြင်း
အဖွဲ့ဝင်များသည် မည်သည့် proposal ကိုမဆို မဲပေးနိုင်သည်
အဖွဲ့ဝင်တစ်ဦးသည် proposal တစ်ခုလျှင် တစ်ကြိမ်သာ မဲပေးနိုင်သည်
၎င်းတို့၏မဲကို ရေတွက်ပြီး proposal ၏ မဲ counter ကို update လုပ်ပါ
၅။ PROPOSAL တစ်ခုကို အကောင်အထည်ဖော်ခြင်း
Proposal သည် လုံလောက်သော မဲအရေအတွက် ရှိမရှိ စစ်ဆေးပါ
ရှိပါက “approved” အဖြစ် မှတ်သားပြီး လုပ်ဆောင်ချက်ကို အကောင်အထည်ဖော်ပါ
မရှိပါက နောက်ထပ်မဲပေးနိုင်ရန် ဖွင့်ထားပါ
၆။ စီမံခန့်ခွဲခြင်း
စည်းမျဉ်းတစ်ခု သတ်မှတ်ပါ — proposal တစ်ခု အတည်ပြုရန် အနည်းဆုံး အဖွဲ့ဝင်များ၏ ၅၀% က “yes” ဟု မဲပေးရမည်
နှစ်ကြိမ်မဲပေးခြင်း သို့မဟုတ် အဖွဲ့ဝင်မဟုတ်သူများက မဲပေးခြင်းကို တားဆီးပါ
၇။ လှုပ်ရှားမှုအားလုံးကို ခြေရာခံခြင်း
ပွင့်လင်းမြင်သာမှုအတွက် proposal များ၊ မဲများနှင့် အဖွဲ့ဝင်လှုပ်ရှားမှုများ၏ မှတ်တမ်းကို ထိန်းသိမ်းထားပါ
ဒါက Smart Contract နမူနာတစ်ခုကို မြန်မာဘာသာနှင့် နားလည်လွယ်အောင် ဖော်ပြပေးထားတာဖြစ်ပြီးတော့ လက်တွေ့မှာတော့ Solidity လိုမျိုး programming language တွေကို အသုံးပြုပြီး ရေးဆွဲအသုံးပြုကြပါတယ်။ လက်တွေ့မှာတော့ ပိုမိုရှုပ်ထွေးတဲ့ Smart Contract တွေ အများကြီးရှိပါတယ်။
Original Article – https://medium.com/@minsithu_53495/dao-decentralized-autonomous-organization-%E1%80%A1%E1%80%80%E1%80%BC%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8-cff42a20dc68
Leave a Reply