Blockchain နဲ့ Consensus

Blockchain technology ထဲမှာ Consensus(ဘုံသဘောတူညီချက်) ဆိုတာ network ထဲက nodes တွေအကြား သဘောတူညီမှု ရယူတဲ့ လုပ်ငန်းစဉ်ကို ခေါ်ပါတယ်။ ဒီ လုပ်ငန်းစဉ်က blockchain ရဲ့ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး၊ distributed network တစ်ခုမှာ transaction တွေကို မှန်ကန်တဲ့ နည်းလမ်းနဲ့ အတည်ပြုဖို့အတွက် အရေးကြီးပါတယ်။ Consensus mechanism တွေက ဘယ်လို အလုပ်လုပ်လဲ ဆိုရင် node တစ်ခုက transaction တစ်ခု လုပ်လိုက်တဲ့အခါ network ထဲက ကျန်တဲ့ node တွေက ဒီ transaction ကို အတည်ပြုခြင်းလုပ်ပါတယ်။ Node အားလုံးက သဘောတူညီမှု ရမှသာ ဒီ transaction…


Blockchain technology ထဲမှာ Consensus(ဘုံသဘောတူညီချက်) ဆိုတာ network ထဲက nodes တွေအကြား သဘောတူညီမှု ရယူတဲ့ လုပ်ငန်းစဉ်ကို ခေါ်ပါတယ်။ ဒီ လုပ်ငန်းစဉ်က blockchain ရဲ့ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး၊ distributed network တစ်ခုမှာ transaction တွေကို မှန်ကန်တဲ့ နည်းလမ်းနဲ့ အတည်ပြုဖို့အတွက် အရေးကြီးပါတယ်။

Consensus mechanism တွေက ဘယ်လို အလုပ်လုပ်လဲ ဆိုရင် node တစ်ခုက transaction တစ်ခု လုပ်လိုက်တဲ့အခါ network ထဲက ကျန်တဲ့ node တွေက ဒီ transaction ကို အတည်ပြုခြင်းလုပ်ပါတယ်။ Node အားလုံးက သဘောတူညီမှု ရမှသာ ဒီ transaction ကို blockchain ထဲကို ထည့်သွင်းခွင့် ပြုမှာ ဖြစ်ပါတယ်။ ဥပမာ။ Bitcoin မှာဆိုရင် Proof of Work (PoW) ဆိုတဲ့ consensus algorithm ကို သုံးပါတယ်။ Miners တွေက သင်္ချာပုစ္ဆာတွေကို ဖြေရှင်းပြီး block တွေကို အတည်ပြုခြင်းလုပ်ကြပါတယ်။

နောက်ထပ် နာမည်ကြီးတဲ့ consensus တစ်ခုကတော့ Proof of Stake (PoS) ပါ။ PoS မှာတော့ validator တွေက သူတို့ရဲ့ cryptocurrency ကို stake (မြုပ်နှံမှု) လုပ်ထားရပါတယ်။ stake လုပ်ထားတဲ့ ပမာဏ များလေ၊ transaction တွေကို အတည်ပြုခွင့် ရနိုင်ခြေ များလေ ဖြစ်ပါတယ်။ Ethereum လို blockchain တွေက PoS ကို သုံးကြပါတယ်။ ဒီနည်းက PoW ထက် လျှပ်စစ်စွမ်းအင်သုံးစွဲမှု သက်သာပါတယ်။

Consensus mechanism တွေက blockchain ကို ဗဟိုမဲ့စနစ်ဖြစ်စေတဲ့ အဓိက အချက်တစ်ခု ဖြစ်ပါတယ်။ ဗဟိုထိန်းချုပ်မှု မရှိတဲ့ ကွန်ရက်မှာ transaction တွေကို ဘယ်သူမှ လိမ်လည်ပြင်ဆင်လို့ မရအောင် ကာကွယ်ပေးပါတယ်။ ဥပမာ။ တစ်စုံတစ်ယောက်က blockchain ထဲက data ကို ပြင်ချင်ရင် network ထဲက node အားလုံးရဲ့ သဘောတူညီချက် ရယူရမှာ ဖြစ်ပါတယ်။ ဒါကြောင့် blockchain ဟာ ပွင့်လင်းမြင်သာပြီးတော့ အားလုံးက ယုံကြည်စိတ်ချစွာ သုံးနိုင်တဲ့ စနစ်တစ်ခု ဖြစ်လာတာပါ။

Blockchain အမျိုးမျိုးမှာ consensus mechanism အမျိုးမျိုး ရှိပါတယ်။ Delegated Proof of Stake (DPoS), Proof of Authority (PoA), Practical Byzantine Fault Tolerance (PBFT) စတဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ ဘယ် mechanism ကို ရွေးချယ်မလဲ ဆိုတာက blockchain ရဲ့ အသုံးပြုပုံ၊ လိုအပ်ချက်တွေ၊ scalability နဲ့ security requirements တွေပေါ် မူတည်ပါတယ်။ ဥပမာ။ private blockchain တွေမှာ PoA လို ရိုးရှင်းတဲ့ mechanism တွေကို သုံးကြပါတယ်။

Delegated Proof of Stake (DPoS)

DPoS ဆိုတာ PoS ကို အခြေခံပြီး ထပ်မံ တိုးတက်အောင် လုပ်ထားတဲ့ consensus mechanism တစ်ခုပါ။ DPoS မှာ token ပိုင်ဆိုင်သူတွေက delegate လို့ခေါ်တဲ့ ကိုယ်စားလှယ် node တွေကို မဲပေးရွေးချယ်ပါတယ်။ ဒီ delegate တွေကပဲ block တွေကို အတည်ပြုခြင်းလုပ်ပြီး network ကို ထိန်းသိမ်းပေးရပါတယ်။ ဒီ delegate တွေက လူပုဂ္ဂိုလ်တစ်ဦးဦး၊ အဖွဲ့အစည်းတစ်ခုခုက ပိုင်ဆိုင်တဲ့ node တွေဖြစ်ပါတယ်။ ဥပမာ။ EOS blockchain မှာဆိုရင် delegate ၂၁ ယောက်ကိုပဲ ရွေးချယ်ထားပါတယ်။ ဒီနည်းက transaction အတည်ပြုတဲ့လုပ်ငန်းကို မြန်ဆန်စေပါတယ်။

DPoS မှာ token holder တွေက မဲပေးတဲ့အခါ သူတို့ရဲ့ stake (မြုပ်နှံမှု) ပမာဏပေါ် မူတည်ပြီး မဲပေးခွင့် — voting power ရပါတယ်။ အကယ်၍ delegate တစ်ယောက်က မသင့်တော်တဲ့ အပြုအမူတွေ လုပ်လာရင် token holder တွေက သူ့ကို ပြန်ဖြုတ်နိုင်ပါတယ်။ ဒါကြောင့် delegate တွေက လိမ်လည်မှု မလုပ်ရဲကြပါဘူး။ အဲဒီလိုမျိုး ဒီမိုကရေစီဆန်တဲ့ စနစ်ကြောင့် DPoS ဟာ ယုံကြည်စိတ်ချလို့ရတဲ့ mechanism တစ်ခု ဖြစ်လာပါတယ်။

Proof of Authority (PoA)

PoA ကတော့ private blockchain တွေမှာ အသုံးများတဲ့ consensus mechanism တစ်ခု ဖြစ်ပါတယ်။ ဒီ mechanism မှာကြိုတင်သတ်မှတ်ထားတဲ့ pre-approved validator တွေကပဲ block တွေကို အတည်ပြုခြင်းလုပ်ခွင့်ရှိပါတယ်။ ဒီ validator တွေဟာ သူတို့ရဲ့ ဂုဏ်သိက္ခာနှင့်နာမည်ကို stake အဖြစ် ထားရှိရပါတယ်။ တစ်နည်းပြောရရင် validator တွေက အများယုံကြည်လက်ခံထားတဲ့ အဖွဲ့အစည်းတွေ ဖြစ်ရပါမယ်။

PoA ဟာ private network တွေအတွက် သင့်တော်ပါတယ်။ ဘာကြောင့်လဲဆိုတော့ validator တွေက လူသိများပြီး အများယုံကြည်ရတဲ့ organization တွေ ဖြစ်တဲ့အတွက် network ရဲ့ security ကို စိတ်ချရပါတယ်။ ဥပမာ။ supply chain management မှာ PoA ကို သုံးတဲ့အခါ supplier တွေ၊ manufacturer တွေ၊ distributor တွေက validator အဖြစ် ဆောင်ရွက်ကြပါတယ်။ ဒီအတွက်ကြောင့် PoA က transaction အတည်ပြုခြင်းလုပ်ငန်းစဉ်ကို မြန်ဆန်စေပါတယ်။

Practical Byzantine Fault Tolerance (PBFT)

PBFT ကတော့ ရှုပ်ထွေးတဲ့ consensus mechanism တစ်ခု ဖြစ်ပါတယ်။ ဒီ mechanism က Byzantine Generals’ Problem ကို ဖြေရှင်းဖို့ ဒီဇိုင်းလုပ်ထားတာပါ။ PBFT မှာ node တွေက voting process သုံးမျိုးကို ဖြတ်သန်းရပါတယ်။ pre-prepare၊ prepare နဲ့ commit ဆိုပြီး ရှိပါတယ်။

PBFT ရဲ့ အားသာချက်က မသမာတဲ့ node တွေကို ကောင်းကောင်း handle လုပ်နိုင်တာပါ။ Network ထဲက node သုံးပုံတစ်ပုံထက် နည်းတဲ့ node တွေက မသမာမှုဖြစ်နေရင်တောင် network က ပုံမှန်အတိုင်း လည်ပတ်နိုင်ပါတယ်။ ဒါပေမယ့် PBFT က node တွေအကြား message တွေ အများကြီး ဖလှယ်ရတဲ့အတွက် node အရေအတွက် များလာရင် network ရဲ့ လုပ်ငန်းစဉ်ကို ထိခိုက်နိုင်ပါတယ်။

ဒီ consensus mechanism တွေကို နှိုင်းယှဉ်ကြည့်ရင် — DPoS က democracy ဆန်ပါတယ်။ PoA က private network တွေအတွက် လုံခြုံပြီး မြန်ဆန်ဖြစ်ပါတယ်။ PBFT ကတော့ security ကို အဓိကထားပြီး၊ မသမာတဲ့ node တွေကို ကောင်းကောင်း handle လုပ်နိုင်ပါတယ်။ ဘယ် mechanism ကို သုံးမလဲဆိုတာက blockchain project ဖန်တီးသူတွေရဲ့ လိုအပ်ချက်တွေပေါ် မူတည်ပြီး ရွေးချယ်ကြတာ ဖြစ်ပါတယ်။

mechanism တွေဟာ blockchain technology ရဲ့ အခြေခံကျတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒီ mechanism တွေကြောင့် ဗဟိုထိန်းချုပ်မှု မရှိဘဲ network ထဲက အားလုံးက ယုံကြည်စိတ်ချစွာ transaction တွေ လုပ်နိုင်ကြတာ ဖြစ်ပါတယ်။ Blockchain technology ဟာ နေ့စဉ် ဖွံ့ဖြိုးတိုးတက်နေပြီး၊ ပိုမို ကောင်းမွန်တဲ့ consensus mechanism တွေလည်း ပေါ်ထွက်လာဦးမှာ ဖြစ်ပါတယ်။

Original Article – https://medium.com/@minsithu_53495/blockchain-%E1%80%94%E1%80%B2%E1%80%B7-consensus-cc70fd803085


Leave a Reply

Your email address will not be published. Required fields are marked *