Privacy Coins ဆိုတာ cryptocurrency တွေထဲက အမျိုးအစားတစ်ခုဖြစ်ပြီး တကိုယ်ရည်အချက်အလက်လုံခြုံရေးကို ဦးစားပေးတဲ့ ဒီဂျစ်တယ်ငွေကြေးတွေဖြစ်ပါတယ်။
Privacy Coins တွေရဲ့ အဓိက လုပ်ဆောင်ချက်တွေကတော့ transaction ရဲ့အသေးစိတ်အချက်အလက်တွေမှာ သုံးစွဲသူတွေရဲ့ အချက်အလက်ကို ဖုံးကွယ်ထားခြင်းဖြစ်ပါတယ်။ Bitcoin လို ခရစ်ပတိုတွေမှာ transaction တွေက public blockchain ပေါ်မှာ ပွင့်လင်းမြင်သာနေပေမယ့် Privacy Coins တွေက cryptographic technique တွေကို အသုံးပြုပြီး ပို့သူ၊ လက်ခံသူနဲ့ လွှဲပြောင်းတဲ့ပမာဏတွေကို လုံခြုံစွာ ဖုံးကွယ်ထားနိုင်ပါတယ်။
Privacy Coins တွေမှာ Ring Signatures ဆိုတာ digital signature တစ်မျိုးဖြစ်ပြီး၊ အများအပြားထဲက တစ်ယောက်က sign လုပ်ထားတယ်ဆိုတာကိုပဲ သိနိုင်ပြီး၊ တိကျတဲ့ signer ကို မသိနိုင်အောင် လုပ်ထားတဲ့ နည်းပညာပါ။ Monero လို Privacy Coin တွေမှာ ဒီနည်းပညာကို အသုံးပြုပါတယ်။
Stealth Addresses (ကိုယ်ပျောက်လိပ်စာ) ဆိုတာကတော့ one-time address(တစ်ကြိမ်သုံးလိပ်စာ) တွေကို ထုတ်လုပ်ပြီး လက်ခံသူရဲ့ တကယ့် wallet address ကို မသိနိုင်အောင် လုပ်ပေးတဲ့ နည်းပညာဖြစ်ပါတယ်။ ဒီနည်းနဲ့ တူညီတဲ့ wallet ကို ထပ်ခါထပ်ခါ ပို့တဲ့ transaction တွေကို ခြေရာခံလို့ မရအောင် လုပ်နိုင်ပါတယ်။
Zero-Knowledge Proofs ကတော့ transaction တစ်ခုရဲ့ အကျုံးဝင်မှုကို အတည်ပြုခြင်းလုပ်နိုင်ပေမယ့် အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်စရာမလိုတဲ့ cryptographic proof တစ်မျိုးဖြစ်ပါတယ်။ Zcash က ဒီနည်းပညာကို အဓိက အသုံးပြုပါတယ်။
Privacy Coins တွေဟာ ငွေကြေးဆိုင်ရာအချက်အလက်လုံခြုံရေးအတွက် အရေးကြီးပေမယ့် အငြင်းပွားဖွယ်ကိစ္စတွေလည်း ရှိပါတယ်။ တချို့က ဒီနည်းပညာကို တရားမဝင်လုပ်ငန်းတွေမှာ အလွဲသုံးစားလုပ်နိုင်တယ်လို့ စိုးရိမ်ကြပါတယ်။ ဒါပေမယ့် privacy ဆိုတာ လူတိုင်းရဲ့ အခြေခံလူ့အခွင့်အရေးတစ်ခုဖြစ်တဲ့အတွက် သုံးစွဲသူတွေအတွက် Privacy Coins တွေက အရေးပါတဲ့ ငွေကြေးစနစ်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် Privacy Coins တွေဟာ ထိန်းချုပ်မှုတွေနဲ့ ကန့်သတ်မှုတွေကိုလည်း ရင်ဆိုင်နေရပါတယ်။ တချို့နိုင်ငံတွေက Privacy Coins တွေကို ကန့်သတ်ထားပြီး၊ exchange တွေကလည်း စာရင်းကနေ ဖယ်ထုတ်တာမျိုးတွေ ရှိပါတယ်။ ဒါပေမယ့် decentralized exchange တွေနဲ့ P2P trading တွေကနေတစ်ဆင့် Privacy Coins တွေကို ဆက်လက် trade လုပ်နိုင်ပါတယ်။
Privacy Coins တွေရဲ့ နည်းပညာပိုင်းဆိုင်ရာ
Privacy Coins တွေမှာ အသုံးပြုနေတဲ့ cryptographic protocol တွေထဲက CoinJoin ဆိုတာကို ပိုပြီး နားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။ CoinJoin က transaction တွေကို ပေါင်းစပ်ပြီး တကိုယ်ရည်အချက်အလက်လုံခြုံရေးကို မြှင့်တင်ပေးတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဥပမာအားဖြင့် မောင်ဖြူက မနီ ဆီကို cryptocurrency ပို့ချင်တယ်၊ မမဲက မောင်ပြာကိုလည်း ပို့ချင်တယ်ဆိုပါစို့။ ဒီ transaction နှစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းလိုက်တဲ့အခါ ဘယ်သူက ဘယ်သူ့ဆီ ပို့လိုက်တယ်ဆိုတာကို ပြင်ပက လူတွေ မသိနိုင်တော့ပါဘူး။
ထို့အတူ Mimblewimble protocol ဆိုတာလည်း Privacy Coins တွေမှာ အရေးပါတဲ့ နည်းပညာတစ်ခု ဖြစ်ပါတယ်။ ဒီ protocol က transaction ကို လုံခြုံစေဖို့အတွက် Pedersen Commitments တွေကို အသုံးပြုပါတယ်။ အဲ့ဒါကြောင့် blockchain ပေါ်မှာ transaction ပမာဏတွေက encryption ဖြစ်နေပြီး၊ ဒီ transaction မှာ ပါဝင်သူတွေပဲ အမှန်တကယ် value ကို သိနိုင်မှာ ဖြစ်ပါတယ်။ Grin နဲ့ Beam လို Privacy Coins တွေက ဒီ protocol ကို အသုံးပြုကြပါတယ်။
Privacy Coins တွေမှာ Atomic Swaps ရဲ့ အရေးပါပုံကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ Atomic Swaps က Privacy Coin တစ်ခုကနေ နောက်တစ်ခုကို တိုက်ရိုက် လဲလှယ်နိုင်စေတဲ့ နည်းပညာ ဖြစ်ပါတယ်။ ဥပမာ။ Monero ကနေ Zcash ကို centralized exchange တွေကို အသုံးမပြုပဲ တိုက်ရိုက်လဲလှယ်နိုင်ပါတယ်။ ဒီလို လဲလှယ်မှုတွေမှာ Hash Time Locked Contracts (HTLCs) တွေကို အသုံးပြုပြီး လုံခြုံမှုကို အာမခံပေးထားပါတယ်။
Privacy Coins တွေရဲ့ လူအများဝိုင်းသုံးတာ ခံနိုင်စွမ်းကိစ္စကိုလည်း ထည့်သွင်းစဉ်းစားရပါမယ်။ Privacy feature တွေက တွက်ချက်မှုအပိုင်းမှာ overhead တွေ ဖြစ်စေပြီး၊ network ရဲ့ transaction ကို အတည်ပြုတဲ့နှုန်းမှာ ကြာမြင့်နိုင်ပါတယ်။ ဒါကြောင့် Privacy Coins တွေမှာ Layer-2 scaling solution တွေကို စမ်းသပ်နေကြပါတယ်။ Lightning Network လို technology တွေကို မွေးစားလုပ်ပြီး၊ privacy ကို မထိခိုက်စေပဲ transaction လုပ်နိုင်စွမ်းကို တိုးမြှင့်နိုင်အောင် ကြိုးစားနေကြပါတယ်။
လက်ရှိမှာ Privacy Coins တွေမှာ ကွမ်တမ်ခံနိုင်စွမ်းရည်ကလည်း စိတ်ဝင်စားစရာ အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။ ကွမ်တမ်နည်းပညာက ပိုပြီး တိုးတက်လာတဲ့အခါ လက်ရှိ cryptographic algorithm တွေကို ဖောက်ထွင်းနိုင်မယ့် အန္တရာယ် ရှိနေပါတယ်။ ဒါကြောင့် Privacy Coins တွေက ကွမ်တမ်ခေတ်အလွန်ဝှက်စာစနစ်ကို သုတေသနလုပ်နေကြပြီး၊ ကွမ်တမ်ကွန်ပျူတာတွေရဲ့ ခြိမ်းခြောက်မှုကို ခံနိုင်ရည်ရှိအောင် ပြင်ဆင်နေကြပါတယ်။
Privacy Coins တွေရဲ့ fungibility ကလည်း အရေးကြီးတဲ့ အချက်တစ်ခုပါ။ Fungibility ဆိုတာ token တစ်ခုနဲ့ နောက်တစ်ခုကို အစားထိုးလို့ရတဲ့စွမ်းရည်ကို ဆိုလိုပါတယ်။ Bitcoin လို ပွင့်လင်းမြင်သာမှုရှိတဲ့ blockchain တွေမှာ “သွေးစွန်းငွေ” ဆိုတဲ့ ပြဿနာ ရှိနေပါတယ်။ ရာဇဝတ်မှုတွေမှာ အသုံးပြုခဲ့တဲ့ coin တွေကို exchange တွေက လက်မခံတာမျိုး ဖြစ်ပါတယ်။ Privacy Coins တွေမှာတော့ ငွေအလွှဲအပြောင်းမှတ်တမ်းတွေက မမြင်နိုင်တဲ့အတွက် fungibility ပိုကောင်းပါတယ်။
Leave a Reply