ဘလော့ချိန်းနည်းပညာပေါ်မှာ အခြေခံထားတဲ့ web 3 နည်းပညာတွေဟာ သမရိုးကျငွေကြေးစနစ်တွေနဲ့ မတူညီတဲ့အတွက် ထိန်းချုပ်တဲ့စည်းမျဉ်းစည်းကမ်းတွေကလည်း သီးခြားဖြစ်လာရပါတယ်။
ပထမဆုံးအနေနဲ့ KYC (Know Your Customer) — မိမိရဲ့သုံးစွဲသူကိုသိရှိခြင်းနှင့် AML (Anti-Money Laundering) — ငွေကြေးခဝါချမှုတိုက်ဖျက်ရေးစည်းမျဉ်းတွေဟာ Web3 မှာ အရေးကြီးဆုံး စည်းမျဉ်းတွေဖြစ်ပါတယ်။ ဗဟိုမဲ့ငွေကြေးပလတ်ဖောင်းတွေမှာ သုံးစွဲသူတွေရဲ့ အချက်အလက်ကို အတည်ပြုချက်လုပ်ဖို့နဲ့ တရားမဝင်ငွေအလွှဲအပြောင်းတွေကို တားဆီးဖို့အတွက် ဒီစည်းမျဉ်းတွေက မရှိမဖြစ် လိုအပ်ပါတယ်။
ဒုတိယအနေနဲ့ smart contract တွေရဲ့ လုံခြုံရေးဆိုင်ရာ အထိန်းအကွပ်တွေကလည်း အရေးကြီးပါတယ်။ Smart contract တွေကို audit လုပ်ခြင်း၊ လုံခြုံရေးစမ်းသပ်ခြင်းတွေဟာ သုံးစွဲသူတွေရဲ့ ဒီဂျစ်တယ်ပိုင်ဆိုင်မှုတွေကို လုံခြုံစိတ်ချရအောင် ကာကွယ်ပေးနိုင်ပါတယ်။
တတိယအနေနဲ့ တုံကင်နဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေရှိပါတယ်။ ခရစ်ပတိုတုံကင်အသစ်တွေ ထုတ်လုပ်တဲ့အခါ လိုက်နာဆောင်ရွက်ရမယ့် စည်းမျဉ်းတွေဖြစ်ပြီး ရင်းနှီးမြုပ်နှံဝယ်ယူမယ့်သူတွေကို အကာအကွယ်ပေးဖို့အတွက် ရည်ရွယ်ပါတယ်။
နောက်ဆုံးအနေနဲ့ တကိုယ်ရည်အချက်အလက်ကို အကာအကွယ်ပေးဖို့နဲ့ ဒယ်တာလုံခြုံရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေလည်း ပါဝင်ပါတယ်။ ဘလော့ချိန်းပေါ်မှာ သိမ်းဆည်းထားတဲ့ သုံးစွဲသူအချက်အလက်ကို ဘယ်လို အကာအကွယ်ပေးရေးလုပ်မလဲ၊ ဘယ်လို ကိုင်တွယ်မလဲဆိုတာနဲ့ ပတ်သက်တဲ့ စည်းမျဉ်းတွေ ဖြစ်ပါတယ်။
နိုင်ငံအလိုက်ချဉ်းကပ်ပုံများ
အထက်မှာ စည်းမျဉ်းစည်းကမ်းတွေကို အကြမ်းဖျင်းဖော်ပြခဲ့ပေမယ့် Web3 နည်းပညာအပေါ် နိုင်ငံအသီးသီး၏ ချဉ်းကပ်ပုံများကတော့ များစွာကွဲပြားခြားနားကြပါတယ်။ အချို့နိုင်ငံတွေက Web3 ကို အခွင့်အလမ်းတစ်ခုအဖြစ် မြင်ပြီး ကြိုဆိုနေကြချိန်မှာ တချို့နိုင်ငံတွေကတော့ ပိုမိုတင်းကျပ်တဲ့ ထိန်းချုပ်မှုတွေ ပြုလုပ်နေကြပါတယ်။
စင်ကာပူနိုင်ငံဟာ Web3 နည်းပညာကို အပြုသဘောဆောင်တဲ့ နည်းလမ်းနဲ့ ချဉ်းကပ်နေတဲ့ နိုင်ငံတွေထဲက တစ်ခုဖြစ်ပါတယ်။ သူတို့ရဲ့ စင်ကာပူငွေကြေးဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း — Monetary Authority of Singapore (MAS) က ခရစ်ပတိုလုပ်ငန်းတွေအတွက် ရှင်းလင်းတဲ့ စည်မျဉ်းစည်းကမ်းမူဘောင်တွေ ချမှတ်ထားပါတယ်။ ဒါ့အပြင် Web3 startup တွေကို အားပေးဖို့ အစိုးရက ရန်ပုံငွေအစီအစဉ်တွေနဲ့လည်း ကူညီထောက်ပံ့ပေးနေပါတယ်။
ဂျပန်နိုင်ငံကလည်း Web3 technology ကို လက်ခံကျင့်သုံးမှုမှာ ရှေ့တန်းကနေ ဦးဆောင်နေတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ Japan Virtual and Crypto Assets Exchange Association (JVCEA) က cryptocurrency exchanges တွေအတွက် ကျင့်သုံးဖို့ guidelines တွေ ချမှတ်ထားပြီး ဒီလုပ်ငန်းကဏ္ဍကို စနစ်တကျ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေပါတယ်။
တရုတ်နိုင်ငံကတော့ မတူညီတဲ့ ချဉ်းကပ်မှုတစ်ခုကို ကျင့်သုံးနေပါတယ်။ Private cryptocurrency တွေကို တားမြစ်ထားပေမယ့် ဘလော့ချိန်းနည်းပညာ နဲ့ ဒီဂျစ်တယ်ယွမ်လို နိုင်ငံတော်အဆင့် ကျောထောက်နောက်ခံပေးထားတဲ့ ငွေကြေးစနစ်တွေကိုတော့ အားပေးမြှင့်တင်နေပါတယ်။ သူတို့ရဲ့ Blockchain-based Service Network (BSN) က Web3 infrastructure development ကို အထောက်အကူပြုနေပါတယ်။
ဥရောပသမဂ္ဂကတော့ Markets in Crypto-Assets (MiCA) regulation တွေနဲ့အတူ ထိန်းကျောင်းရေးမူဘောင်တစ်ခုကို တည်ဆောက်နေပါတယ်။ ဒီ မူဘောင် သုံးစွဲသူကို အကာအကွယ်ပေးရေး၊ ခရစ်ပတိုလက်ဝါးကြီးအုပ်တာကိုလျှော့ချဖို့၊ ဆန်းသစ်တီထွင်မူကိုအားပေးဖို့ စတဲ့အရာတွေမှာ ချိန်ခွင်လျှာညီအောင် ထိန်းညှိပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာတော့ Securities and Exchange Commission (SEC) နဲ့ Commodity Futures Trading Commission (CFTC) တို့က Web3 space ကို ထိန်းကျောင်းရေးလုပ်နေပါတယ်။ သူတို့ရဲ့ အဓိကအာရုံစိုက်မှုက ခရစ်ပတိုဝယ်ယူရင်းနှီးမြုပ်နှံသူတွေကို အကာအကွယ်ပေးရေးဖြစ်ပြီးတော့ ခရစ်ပတိုတွေကို ကုန်ပစ္စည်းအဖြစ် သတ်မှတ်ပြီး ထိန်းကျောင်းနေပါတယ်။
ဒီလိုမတူညီတဲ့ နိုင်ငံတွေရဲ့ ချဉ်းကပ်ပုံတွေက ကမ္ဘာ့ Web3 အသိုင်းအဝိုင်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ် သက်ရောက်မှုတွေ ရှိနေပါတယ်။ အထူးသဖြင့် နိုင်ငံဖြတ်ကျော်ငွေလွှဲခြင်းတွေနဲ့ ကမ္ဘာလုံးဆိုင်ရာဝန်ဆောင်မှုပေးခြင်းတွေအတွက် အဓိကထားပြီးစည်းမျဉ်းတွေ ဖြစ်ပေါ်စေပါတယ်။
ခရစ်ပတိုများနှင့် အခွန်စည်းကြပ်ခြင်း
ခရစ်ပတိုတွေအပေါ် အခွန်စည်းကြပ်ခြင်းက ရှုပ်ထွေးပြီး စိန်ခေါ်မှုများစွာရှိတဲ့ အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။ နိုင်ငံအသီးသီးမှာ မတူညီတဲ့ အခွန်မူဝါဒတွေကို ကျင့်သုံးနေကြပါတယ်။
ခရစ်ပတိုအရောင်းအဝယ်ပြုလုပ်ခြင်းမှ ရရှိတဲ့ အမြတ်အစွန်းများအပေါ် အခွန်ကောက်ခံခြင်း (Capital Gains Tax) ဟာ အဓိကကျတဲ့ အခွန်အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ Trader တစ်ယောက်က Bitcoin ကို ဝယ်ယူပြီး နောက်ပိုင်းမှာ ပိုမြင့်တဲ့စျေးနဲ့ ပြန်ရောင်းတဲ့အခါ ရရှိလာတဲ့ အမြတ်ငွေအပေါ် အခွန်ဆောင်ရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့်၊ Bitcoin ကို $10,000 နဲ့ ဝယ်ပြီး $15,000 နဲ့ ပြန်ရောင်းရင် $5,000 အမြတ်အပေါ် အခွန်ဆောင်ရမှာပါ။
Mining လုပ်ငန်းကနေ ရရှိတဲ့ဝင်ငွေတွေကိုလည်း အခွန်စည်းကြပ်ပါတယ်။ Miner တွေအနေနဲ့ block reward တွေနဲ့ transaction fee တွေကနေ ရရှိတဲ့ ဝင်ငွေတွေကို ပုံမှန်ဝင်ငွေအဖြစ် သတ်မှတ်ပြီး အခွန်ဆောင်ရပါတယ်။ mining မှာသုံးတဲ့ ပစ္စည်းတွေရဲ့ ဝယ်ယူစရိတ်တွေကိုလည်း လုပ်ငန်းသုံးငွေအဖြစ် နှုတ်ယူခွင့်ရှိပါတယ်။
DeFi ပလက်ဖောင်းပေါ်တွေမှာ yield farming လုပ်ခြင်းကနေ ရရှိတဲ့ အမြတ်အစွန်းတွေဟာလည်း အခွန်ဆောင်ရမယ့် ဝင်ငွေတွေ ဖြစ်ပါတယ်။ Staking rewards တွေ၊ liquidity provider fees တွေ၊ governance token rewards တွေအားလုံးဟာ အခွန်ဆောင်ရမယ့်ဝင်ငွေထဲမှာ ပါဝင်ပါတယ်။ DeFi ဟာ နည်းပညာအသစ်ဖြစ်တဲ့အတွက် တချို့နိုင်ငံတွေမှာ ဒီဝင်ငွေတွေအတွက် သီးခြား အခွန်မူဝါဒတွေ ရှိသလို၊ တချို့နိုင်ငံတွေမှာတော့ ရင်းနှီးမြုပ်နှံမှုကရတဲ့ဝင်ငွေတွေလို့ပဲ သတ်မှတ်ကြပါတယ်။
NFT တွေနဲ့ပတ်သက်ရင်လည်း အခွန်ဆောင်ရပါတယ်။ NFT တစ်ခုကို ဝယ်ယူပြီး ပြန်လည်ရောင်းချတဲ့အခါ ရရှိတဲ့ အမြတ်အစွန်းအပေါ် အခွန်ဆောင်ရပါတယ်။ Artist တွေအနေနဲ့ NFT ရောင်းချခြင်းကနေ ရရှိတဲ့ ဝင်ငွေကိုတော့ self-employment income အဖြစ် သတ်မှတ်ပြီး အခွန်ဆောင်ရပါတယ်။
နိုင်ငံတကာ ငွေလွှဲခြင်းနဲ့ပတ်သက်ပြီး အခွန်ရှောင်တိမ်းမှုတွေ မဖြစ်ပေါ်စေဖို့ တချို့နိုင်ငံတွေမှာ cryptocurrency exchange တွေကို အခွန်အာဏာပိုင်တွေထံ သုံးစွဲသူအချက်အလက်တွေ အစီရင်ခံဖို့ လိုအပ်ပါတယ်။ အမေရိကန်နိုင်ငံမှာ Form 1099-K ကို သုံးပြီး crypto အလွှဲအပြောင်းစာရင်းတွေကို သတင်းပို့ရပါတယ်။
အခွန်မှတ်တမ်းတွေကို စနစ်တကျ ထိန်းသိမ်းထားဖို့ အရေးကြီးပါတယ်။ Crypto tax software တွေကို အသုံးပြုခြင်းအားဖြင့် ငွေကြေးအလွှဲအပြောင်းတွေကို ခြေရာခံလုပ်နိုင်ပြီး၊ အခွန်တွက်ချက်မှုတွေကို ပိုမိုလွယ်ကူစေပါတယ်။ ဒါ့အပြင် အခွန်ကျွမ်းကျင်ပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးခြင်းအားဖြင့် မိမိ ရောက်ရှိနေထိုင်တဲ့နိုင်ငံရဲ့ ခရစ်ပတိုနဲ့ဆိုင်တဲ့အခွန်ဥပဒေ တွေကို ပိုမိုနားလည်နိုင်ပြီးတော့ အခွန်ပေးဆောင်ရာမှာ မှားယွင်းမှုတွေကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။
Original Article – Medium Article
Leave a Reply